바로가기 메뉴 본문 바로가기 주메뉴 바로가기
သံရုံးဆိုင်ရာ အ‌ကြောင်းအရာ

သံအမတ်ကြီး လုပ်ဆောင်ချက်များ

  1. သံရုံးဆိုင်ရာ အ‌ကြောင်းအရာ
  2. သံအမတ်ကြီး လုပ်ဆောင်ချက်များ
  • Font Size

ပထမဆုံးအကြိမ် ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန် ခန့်အပ်ပွဲ ကျင်းပ

DATE
2020-10-23

အောက်တိုဘာလ (၂၃)ရက်၌ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် အိမ်တော်တွင် ပထမဆုံးအကြိမ် ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန် ခန့်အပ်ပွဲ ကျင်းပခဲ့ပါသည်။

ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်သည် ယခုနှစ် ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့်နှင့် လာမည့်နှစ်တွင် ကိုရီးယား-မဲခေါင် ဖလှယ်ရေးနှစ် (Mekong-ROK Exchange Year) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတွင် ကိုရီးယားယဥ်ကျေးမှုကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိလာစေရန်အတွက်  မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးအနေဖြင့် ပထမဦးဆုံးအကြိမ် ခန့်အပ်ဖြစ်သော သံတမန်ဖြစ်ပါသည်။

 

H.E. Mr. Lee Sang-hwa မှ ပုံမှန်အားလပ်ချိန်များတွင် တိုက်ကွမ်ဒို၊ ကိုရီးယားရုပ်ရှင် စသဖြင့် ကိုရီးယားယဥ်ကျေးမှုတွင် စိတ်အားထက်သန်မှုရှိပြီး မြန်မာပြည်သူများကြားတွင် တည်ကြည်ဖြောင့်မတ်မှုနှင့် လူမှုအကျိုးပြုခြင်းများကြောင့် တစ်ခဲနက် ချစ်ခင်နှစ်သက်မှုကို ရရှိထားသည့် မြန်မာရုပ်ရှင်သရုပ်ဆောင် ခါရာအား ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ပြီး ရှေ့ဆက်၍ ခါရာမှ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ပေါင်းကူးတံတား ကဏ္ဍမှ ပါဝင်အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

 

ခါရာသည် ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခံရခြင်းနဲ့ ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုရီးယား အစားအစာ၊ ရုပ်ရှင်၊ တိုက်ကွမ်ဒို စသဖြင့် လူသိများသော ကိုရီးယားယဥ်ကျေးမှုကို သာမက ယခုချိန်ထိ လူသိနည်းနေသေးသည့် ကိုရီးယားယဥ်ကျေးမှုများအား မြန်မာပြည်သူများထံ ချပြနိုင်ရန် ကြိုးစားသွားပါ့မည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာယဥ်ကျေးမှုကိုလည်း ကိုရီးယားပြည်သူများထံသို့ ချပြနိုင်သည့် နှစ်လမ်းသွား ယဥ်ကျေးမှုဖလှယ်သည့်ပုံစံဖြင့် ကြိုးစားအားထုတ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

ခါရာသည် ယခင်နှစ် အောက်တိုဘာလတွင် ASEAN-Korea Train အစီအစဥ်တွင် မြန်မာအနုပညာရှင်များ ကိုယ်စားပြုအဖြစ် ကိုရီးယားသို့ရောက်ရှိခဲ့ပြီး ကိုရီးယားပြည်သူများထံသို့ ပုံရိပ်ကောင်း ချပြနိုင်ခဲ့ရုံသာမက ယခင်နှစ်ကုန်၌ ကိီုရးယား ရုပ်ရှင်ပွဲတော်၊ ယခုနှစ် မေလတွင် COVID-19 နှင့် ပတ်သက်သော သံအမတ်ကြီးပို့ချချက်များအား ကြေငြာပေးခြင်း၊ အောက်တိုဘာလတွင် ကိုရီးယား-မြန်မာ ယဥ်ကျေးမှုပူးပေါင်း ဖျော်ဖြေပွဲတွင် အစီအစဥ်တင်ဆက်သူ အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ထိုကာလများ အတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးနှင့် ပူးပေါင်းဆောင်ရွက်အပိုင်းတွင် အားကြိုးမာန်တက် ကူညီပံ့ပိုးပေးသည့် အနုပညာရှင် ဖြစ်ပါသည်။

 

ရှေ့ဆက်၍ ကိုရီးယားယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ခါရာ၏ လှုပ်ရှားမှုများကို စောင့်မျှော်ကြည့်ရှုရန်နှင့် နွေးထွေးစွာ အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

위촉식
위촉식
위촉식
위촉식


loading