바로가기 메뉴 본문 바로가기 주메뉴 바로가기
သံရုံးဆိုင်ရာ အ‌ကြောင်းအရာ

သံအမတ်ကြီး နှုတ်ခွန်းဆက်စကား

  1. သံရုံးဆိုင်ရာ အ‌ကြောင်းအရာ
  2. သံအမတ်ကြီး နှုတ်ခွန်းဆက်စကား
공관장

မင်္ဂလာပါခင်ဗျာ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး၏ Website စာမျက်နှာအား ဝင်ရောက်လေ့လာသည်ကို လှိုက်လှဲစွာ ကြိုဆိုပါသည်။

မြန်မာနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်အရွယ်အစား၏ သုံးဆပို၍ ကြီးမားကျယ်ပြန့်သော ၎င်း၏နယ်မြေ၊ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် ကျွန်းသစ်အစရှိသည့် သဘာဝသယံဇာတများ ပေါများကြွယ်ဝလှသည့်အပြင် ငယ်ရွယ်ပြီးအရည်အချင်းရှိသည့် လုပ်သားအင်အားရှိနေခြင်းများအား အခြေခံ၍ အနာဂတ်တွင် အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကဝင်ရိုး ဖြစ်လာရန် မျှော်မှန်းထားသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။

ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး စတင်တည်ထောင်သည့် ၁၉၇၅ ခုနှစ် မေလမှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုအပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများသည် တစိုက်မတ်မတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။

မြန်မာနိုင်ငံအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ အခြေအနေများကို သုံးသပ်ကြည့်ပါက ကျွန်ုပ်တို့၏သံရုံးသည် ကျွန်ုပ်တို့ပြည်သူများ၏ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတွင်းလည်ပတ်နေသည့် ကုမ္ပဏီများအား အကာအကွယ်ပေးရေးတို့ကို ဦးစားပေးလုပ်ဆောင်လျှက် ရှိနေပါသည်။

ကိုရီးယားအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လိုအပ်သော ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်များကို မျှဝေလျက်ရှိပြီး ကုမ္ပဏီများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါသည်။ သံရုံးအနေဖြင့် အခက်အခဲများစွာရှိနေသည့်တိုင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ကိုရီးယား-မြန်မာဆက်ဆံရေးအား စိတ်ပါဝင်စားခြင်းအားဖြင့် ကျွန်ုပ်တို့၏ သံရုံးဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ ဝဘ်ဆိုဒ်ပိုမိုတိုးတက်ကောင်းမွန်စေရေး အကြံဥာဏ်မှတ်ချက်များ ပေးလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

သံရုံးဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုသည့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျေးဇူးတင်ပါသည်။