ကိုရီးယားသံရုံးတွင် နိုတြီတံဆိပ်တုံးလျှောက်ထားရာတွင် ပြင်ဆင်ရမည့် စာရွက်စာတမ်းများ
၁။ နိုတြီတံဆိပ်တုံးလျှောက်မည့်စာရွက်စာတမ်း (မြန်မာရှေ့နေတံဆိပ်တုံးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌါန တံဆိပ်တုံးရိုက်နှိပ်ထားသော စာရွက်)
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌါန(MOFA)၏ တံဆိပ်တုံး မဖြစ်မနေ လိုအပ်ပါသည်။ စာရွက်စာတမ်းများအားလုံးတွင် နိုင်ငံခြားရေးဝန်ကြးဌါနတံဆိပ်တုံးပါရှိရပါမည်။ MOFA သက်တမ်း ၃လအတွင်းရှိရပါမည်။
ကျောကပ်နှစ်မျက်နှာဖြစ်နေသော စာရွက်စာတမ်းတွင် နှစ်မျက်နှာလုံး တံဆိပ်တုံးပါရှိရပါမည်။
၂။ နိုတြီတံဆိပ်တုံးလျှောက်မည့် စာရွက်စာတမ်း၏ မူရင်း
၃။ မူရင်း၏မိတ္တူ (A4 Size ဖြင့်သာ လက်ခံပါသည်။)
ဆယ်တန်း အောင်လက်မှတ်၊ အမှတ်စာရင်း၊ တက္ကသိုလ်ကျောင်းများနှင့် ပတ်သက်သော စာရွက်စာတမ်းများအား မိတ္တူ ၂ရွက်စီ ကူး၍ ယူလာရပါမည်။
ဓါတ်ပုံပါဝင်သော စာရွက်စာတမ်းများအား ကာလာဖြင့်၂ရွက် မိတ္တူကူးလာရပါမည်။
၄။ မှတ်ပုံတင် မိတ္တူ( နိုတြီလျှောက်ထားသူ နှင့် ကိုယ်စားလှယ်လျှောက်ထားသူ အားလုံး မှတ်ပုံတင်မိတ္တူ ရှိရပါမည်။)
နိုတြီလျှောက်ထားသူကိုယ်တိုင် လျှောက်ထားချိန်တွင် မှတ်ပုံတင်မိတ္တူပါရှိရပါမည်။
ကိုယ်စားလှယ်ဖြင့်လျှောက်ထားရာတွင်လည်း လျှောက်ထားသူနှင့် ကိုယ်စားလှယ်နှစ်ဦးစလုံး၏မှတ်ပုံတင် မိတ္တူပါရှိရပါမည်။
၅။ တံဆိပ်တုံးကြေးကို ဒေါ်လာဖြင့်သာ လက်ခံပါသည်။
*မိတ္တူများအားလုံးကို A4 size ဖြင့်သာ လက်ခံပါသည်။
*စာရွက်စာတမ်းများ မပြည့်စုံပါက ထပ်မံ၍ ဘိုကင်ယူရပါမည်ဖြစ်ပြီး ပြန်လည် လျှောက်ထားမှုများအား လက်ခံပေးမည် မဟုတ်ပါ။
