ကိုရီးယားပြည်သူနှင့် မြန်မာပြည်သူတို့၏ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုသည့် ‘ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား’ ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်မိပြီး၊ ကိုရီးယားပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာပြည်သူများ၏ လူမှုဘဝများ ပိုမိုအဆင်ပြေချောမွေ့လာပြီး၊ ဒေသအသီးသီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကိုရီးယားနိုင်ငံအနေဖြင့်လည်း နောင်အနာဂတ်တွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။





